h1

အမည်မဲ့

October 3, 2009

အမည်မဲ့ . . .

ကျွန်တော်ကလေ ကျွန်တော့်ကိုယ် ကျွန်တော် ထင်နေတာ… ပထမကစားသမားလို့လေ… အမှန်တကယ်ကတော့ ကျွန်တော်ဟာ အရန်ခုံအနားကိုတောင် သီခွင့်မရခဲ့တဲ့ အညတရ ကစားသမားလေးတစ်ဦးပါ ……

ကျွန်တော် ကံစမ်းမဲ ပေါက်ခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက ကျွန်တော် အရမ်းပျော်တာပေါ့။ အဲဒီ ကံစမ်းမဲစာရွက်လေးကို ခဏခဏထုတ်ကြည့်ပြီး စိတ်ကူးယဉ်ခဲ့ရတာလဲ အမောပါပဲ။ စာရွက်လေးကသာ စကားပြောတတ်မယ်ဆိုရင် ကျွန်တော့်ကို “အရူး”လို့ ပြောမှာပဲနော်။ ဒါပေမယ့် အဲဒီနေ့က ကျွန်တော် တကယ်ပျော်ခဲ့ပါတယ်။ ပျော်လွန်းလို့လေ… ကျွန်တော် ရူးတောင်ရူးသွားမလား ထင်ခဲ့ရတယ်။

ဒီပျော်ရွှင်ခြင်းတွေဟာ ကျွန်တာ် နောင်တစ်ချိန်မှာ စားသုံးရမယ့် ဆေးခါးတွေအတွက် နှစ်သိမ့်ဆုတွေ ဆိုတာ ကျွန်တော် မသိခဲ့ဘူးလေ။ ဒါကြောင့်လည်း ကျွန်တော် အရမ်း ပျော်ခဲ့တာပေါ့။

ကျွန်တော်ကလေ ကျွန်တော့်အတွက် သက်တမ်းကုန်နေတဲ့ ကံစမ်းမဲကို … မဟုတ်ဘူး… ဘယ်တုန်းကမှ ကျွန်တော့်အတွက် သက်တမ်းမရှိခဲ့တဲ့ ကံစမ်းမဲကို ထုတ်ယူဖို့ အကြိမ်ကြိမ် ကြိုးစားမိနေတဲ့သူတစ်ယောက်ပါ။ ဒါကို ကျွန်တော်က မသိခဲ့ဘူးလေ။ တကယ်ကို မသိခဲ့တာပါ။ မသိခဲ့လို့လည်း ဒီလောက်အထိ ကျွန်တော် ပျော်ရွှင်ခဲ့တာပါ။

……………………………………………

…………………………………

……………………..

…………………

…………

……..

……

ကျွန်တော် ရှက်လိုက်တာ။ ကျွန်တော့်ကို လှောင်ပြောင် သရော်နေမှာပဲနော်။ အရူးအလုပ် ခံရတာကိုတောင် မသိတဲ့ လူတစ်ယောက်ဆိုပြီး ကျွန်တော့်ကို ဟားတိုက်ရယ်မောနေကြ မှာပဲနော်။ ကျွန်တော်လေ … ကျွန်တော်…. ရှက်လိုက်တာ….

ဘယ်သူ့ကိုမှလည်း မကြည့်ရဲတော့ပါဘူး။ ဘယ်သူနဲ့မှလည်း ရင်မဆိုင်ရဲတော့ပါဘူး။ ကျွန်တော် ရိုးရိုးသားသား လုပ်ခဲ့တဲ့အရာတွေက အခုဆိုရင် ဟားတိုက်လှောင်ပြောင်စရာတွေ ဖြစ်ကုန်ပြီလေ။ သံသယဆိုတာ ကျွန်တော့်ဘ၀မှာ မရှိခဲ့တော့.. အရာရာကို ယုံယုံကြည်ကြည်ပဲ လက်ခံခဲ့မိတာပါ။ ဒါဟာ ကျွန်တော့်ရဲ့ မှားယွင်းမှုလေလား။ ကျွန်တော် မသိတော့ပါဘူး … တွေးလည်း မတွေးတတ်တော့ပါဘူး …

သေချာတာကတော့ ကျွန်တော်ဟာ အရန်လူတောင် ဖြစ်ခွင့်မရှိခဲ့သူ တစ်ဦးပါ ….

မိုးနေ

2 comments

  1. အမည်မဲ့နေတဲ့ အရန်လူတစ်ယောက်ရဲ့ နေရာကနေ ၀င်ပြီး ခံစားသွားပါတယ်..
    ဆက်ပီး ဖွင့်ထုတ်နိုင်ပါစေ………….


  2. စာတွေဆက်မရေးတော့ဘူးလား ညီမ… အရေးအသားတွေ ကောင်းရဲ့သားနဲ့… ဒီပိုစ့်လေးကလဲ ၀မ်းနည်းသလိုလေး ခံစားမှုကို ပေးနိုင်တယ်.. ရသမြောက်ပါတယ်…



Leave a comment