Archive for the ‘ဘာသာပြန်’ Category

h1

အဲဒီလိုပဲ ပြောချင်ပါတယ်….

November 26, 2008

-ဆိုးရွားတဲ့ နာကျင်မှုတစ်ခုဟာ သက်သာပျောက်ကင်းစေနိုင်ပေမယ့် နာမည်ဆိုးနဲ့ ကျော်ကြားမှုတစ်ခုကတော့ ဘ၀တစ်ခုကို သေစေနိုင်တယ်တဲ့လေ…

– ရေနစ်ဖို့တစ်ခုတည်းအတွက်တော့ ရေထဲလမ်းလျှောက်နေစရာမလိုပါဘူးလေ….

– ကောက်ကျစ်စဉ်းလဲခြင်းက ခွန်အားထက် ပိုမိုတန်ကြေးကြီးမားတယ်ဆိုပဲ။ (လောကမှာ ကြောက်စရာအကောင်းဆုံးက ယုတ်မာ ကောက်ကျစ်မှုပဲလေ…. ဟုတ်တယ်ဟုတ်)

– တညောင်ညောင်အော်နေတဲ့ ကြောင်ကတော့ ခပ်ညံ့ညံ့မုဆိုးတစ်ကောင်ဆိုတာ သက်သေပြနေတယ်…. (ဟောင်လွန်းတဲ့ခွေး လူမလေးတဲ့…)

– လူတွေက အမနာပ ပြောနေရင်တောင် ကိုယ့်ရဲ့ ယုံကြည်ချက်ကို ကိုင်စွဲထားမှာပဲ။ (ကိုယ်ယုံကြည်ရာအတွက်တော့ အသက်ပင် သေသေ ဆိုတာလေ…. မယုံဘူးလား…)

– သင်ကလွဲပြီး သင့်ရဲ့ခွန်အားကို ဘယ်သူမှ ဆုတ်ယုတ်စေမှာ မဟုတ်ဘူး… (ကိုယ့်ကို ဖျက်ဆီးနိုင်တာကတော့ . . . သေချာတယ်… ကိုယ်ပါပဲ)

– ဆင်းရဲဖို့ဆိုတာ တန်ကြီးကြီးမားလွန်းပါတယ်…. (ဆင်းရဲခြင်းလောက် ဆိုးရွားတာ ဘာမှမရှိဘူး… ဆင်းရဲခြင်းက ရုန်းထွက်ရမယ်… )

– ကောင်းမှုကို မဆောင်ကြဉ်းပေးတာလောက် ဆိုးရွားတဲ့ မကောင်းမှုဆိုတာ မရှိပါဘူး… (ဘာမှမလုပ်ဘဲ ထိုင်နေတာထက်စာရင် တစ်ခုခု လုပ်နေတာ ပိုမကောင်းဘူးလား…..ဒါက ကိုယ့်အမြင်ပါ)

– သင့်ရဲ့ နှလုံးသားတံခါးကို ဖွင့်ထားလိုက်ပါ…. (ဒါဆိုရင် အားလုံးနဲ့အတူ မျှဝေခံစားနိုင်ပြီလေ…. စကားလုံးချင်း တူသွားပြီလေ)

– ချမ်းသာခြင်းက သုခဆိုရင် ဘာကြောင့် ဆင်းရဲခြင်း(ငိုကြွေး၊ စိတ်ဆင်းရဲခြင်း)ဆိုတာ ရှိနေရတာလဲ။ ဆင်းရဲခြင်းက ဒုက္ခတဲ့ ဒီလိုဆိုရင် ဘာဖြစ်လို့ ဆင်းရဲခြင်းမှာ ပျော်ရွှင်ခြင်း၊ စိတ်ချမ်းသာခြင်းတွေ ရှိနေရတာလဲ…. (ချမ်းသာခြင်းက ဘယ်လိုဒုက္ခတွေကို ကြုံတွေ့စေမှာလဲ…. )

– ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ယူရမှာပေါ့… (ဆိုခဲစေ မြဲစေလေ)

– တံစိုးလက်ဆောင်ဆိုတာ တံခါးအားလုံးကို ဖွင့်နိုင်တဲ့သော့လေ… (လာဘ်ပေး …. ရန်မလိုတဲ့… ဟုတ်တယ်ဟုတ်)

– စည်းလုံးခြင်းက ခွန်အားတဲ့ ….(နှမ်းတစေ့တည်းနဲ့တော့ ဆီမဖြစ်နိုင်ဘူးလေ.. ဒါပေမယ့် … )

– ဘာမှမသိတဲ့သူက ဘာမှမခံစားရတဲ့သူတဲ့…. (ဘာမှမရှက်တဲ့သူတဲ့…. ဒီစကားလုံးကို ဆရာမ မနော်ဟရီရဲ့ အဖြူရောင်သက်တံ့တစ်စင်းနဲ့ ကျွန်မရဲ့ရောင်စုံသီချင်းထဲကနေ… ယူသုံးထားတာ… ဆရာမ ခွင့်ပြုပါ…နော်)

သူငယ်ချင်းတစ်ယောက် လာဖတ်ခိုင်းတဲ့ စာကို ဘာသာပြန် လိုက်တာပါ…. တတ်သလောက် မှတ်သလောက် လေးပါ…

မိုးနေ

Advertisements
h1

ပြန်လာမှာပါ ၁

October 31, 2008

ကျွန်တော့်အလုပ်က ပျောက်ဆုံးနေတဲ့ အမွေဆက်ခံသူတွေ၊ ထွက်ပြေးနေတဲ့ ခင်ပွန်းသည်တွေ၊ ရှောင်ပုန်းနေတဲ့ ကြွေးမြီသည်တွေကို ခြေရာခံပြီး လိုက်ရှာပေးရပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ အမျိုးမျိုးအထွေထွေသော အမှုသည်တွေနဲ့ အံ့သြစရာအဖြစ်အပျက်တွေကို ရင်ဆိုင်ကြုံတွေ့ ရလေ့ရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်ဆီကို ဂျွန်စကွီးယား စာရေးပြီးပြောပြခဲ့တဲ့ အမှုကတော့ ကျွန်တော့်အတွက်တော့ အလွန်ကို အံ့အားသင့်စရာနဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ အမှုဖြစ်ပါတယ်။

ကျွန်တော်နဲ့ မော်ရီယယ်ဖော်လာဟာ ၁၉၅၇ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ ကျွန်တော်တို့ လက်မထပ်ခင် ၄နှစ်လောက်က ကျွန်တော့်ဇနီးရဲ့  ခင်ပွန်းဟာ ကိုရီးယားမှာ သေဆုံးခဲ့ပါတယ်။ ကျွန်တော့်ဇနီးဟာ သူတို့ရဲ့  ၈ နှစ်အရွယ် သမီးလေး ကလော်ဒီယာကို ပြုစုစောင့်ရှောက် နိုင်တဲ့ အင်အားမရှိတဲ့အတွက် သမီးငယ်လေးကို နယူးယောက်မှာရှိတဲ့ ယူတီကာဒေသက မိဘမဲ့ဂေဟာကို ပို့ခဲ့ရပါတယ်။ သမီးလေးကို မိဘမဲ့ဂေဟာပို့ပြီးချိန်ကစပြီး သူမဟာ နောက်တကြီးစွာ ရနေပါတယ်။ အခု ကျွန်တော်ဟာ ကလော်ဒီယာကို ရှာဖွေပြီး ကျွန်တော့်ဇနီးရဲ့  ဆနကို ဖြည့်ဆည်းပေးဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် ကလော်ဒီယာနဲ့ပတ်သက်တဲ့ ဘယ်လိုသဲလွန်စမျိုးကိုမှ ကျွန်တော်တို့ ခြေရာ မကောက်မိပါဘူး လို့ အစချီထားတဲ့ သူ့စာကို ဖတ်ခဲ့ရပါတယ်။

သမီး ဒီမှာ ခဏလေးပဲနေရမှာပါ။ အမေ သမီးကို မကြာခင် ပြန်လာခေါ်မယ်နော် လို့ ကျွန်တော့်ဇနီးက ကလော်ဒီယာကို နောက်ဆုံးပြောခဲ့ ပါတယ်။ ကလော်ဒီယာရဲ့  ပုံပန်းသဏာန်ကတော့ ရွှေရောင်ဆံပင်နဲ့ အပြာရောင်မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားပြီး သူမရဲ့  ထူးခြားချက်က တော့ ငယ်စဉ်ကတည်းက ဂီတမှာ ပါရမီထူးတဲ့သူဖြစ်ကြောင်း စကွီးယားက ဆက်လက်ရေးသားထားပါတယ်။ မိဘမဲ့ဂေဟာက နှစ်စဉ် ပေးပို့တဲ့ အစီအရင်ခံစာတွေအရ ကလော်ဒီယာဟာ အဆိုသင်တန်း တက်ရောက်ဖို့ အရည်အချင်းမီတဲ့အတွက် သင်တန်းတက်ရောက်နေ ပြီဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့် အဲဒီအစီရင်ခံစာတွေဟာ တစ်နှစ်အကြာ ကလော်ဒီယာကို မွေးစားဖို့ခေါ်ယူသွားပြီးနောက်ပိုင်းမှာ တော့ ရပ်တန့်သွားခဲ့ပါတယ်။ အခုဆိုရင် သူမကို စွန့်ပစ်ခဲ့တာဟာ နှစ်ပေါင်း ၁၂ နှစ် ကြာမြင့်နေပြီ ဖြစ်ပါတယ်လို့ စကွီးယားက စာထဲမှာ ထပ်မံရေးသားထားပါတယ်။

ကျွန်တော် စကွီးယားကို ဖုန်းခေါ်လိုက်တော့ သူ့ရဲ့ အသံကနေ ရိုးသားမှုကို ကျွန်တော် ခံစားလိုက်ရပါတယ်။ သူ့ရဲ့ ဇနီးသည်ဟာ ကလော် ဒီယာရဲ့  လက်ရှိဘ၀ကို နှောင့်ယှက်ချင်လို့ မဟုတ်ပါဘူး။ သူမရဲ့ ဘ၀လေး အဆင်ပြေမပြေဆိုတာနဲ့ သူမကို တွေ့ ခွင့်ရမရဆိုတာကိုပဲ သိချင်ပါတယ်လို့ သူက ကျွန်တော့်ကို ပြောပါတယ်။

ဒီကိစဟာ ငွေကုန်ကြေးကျ များမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဖြစ်တဲ့နည်းနဲ့ အတတ်နိုင်ဆုံး ကြိုးစားပေးစေချင်ပါတယ်။ ကျွန်တော့်ဇနီး ခံစားနေရတာကို မကြည့်ရက်လို့ ကျွန်တော် သူ့ဆနလေးကို ဖြည့်ဆည်းပေးချင်ပါတယ်။

ဒီလိုလူတစ်ယောက်ရဲ့  စကားကို ကျွန်တော့်မှာ ငြင်းပယ်နိုင်တဲ့ ခွန်အားမရှိပါဘူး။ ဒါပေမယ့် ကျွန်တော် သူ့ကို သတိပေးလိုက်ပါတယ်။ တရားဝင်မွေးစားလိုက်တဲ့ ကလေးတွေနောက်ကိုလိုက်ဖို့ဆိုတာ မိဘအရင်းတွေအတွက် အင်မတန်ခက်ခဲတဲ့အလုပ်ဆိုတာကိုပါ။ နာမည်ကြီး မိဘမဲ့ဂေဟာတွေဟာ မွေးစားခံလိုက်ရတဲ့ကလေးရဲ့ အခြေအနေနဲ့ မိဘတွေကို ဖွင့်မပြောကြပါဘူး။ တရားရုံးက ထုတ်ပြန် ထားတဲ့ အမွေစားအမွေခံနဲ့ ပတ်သက်တဲ့ အထောက်အထားတွေအရလည်း ဒါဟာ ဖုံးကွယ်ထားရမယ့် အချက်တွေ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော် ယူတီကာကို လေယာဉ်နဲ့ ထွက်ခွာလာခဲ့ပါတယ်။ မိဘမဲ့ဂေဟာကို အလည်သွားရောက်ပြီး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမေးမြန်းပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် သူတို့က ကျွန်တော့်မေးခွန်းတွေကို ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါဟာ သူတို့အတွက် မှန်ကန်တဲ့လုပ်ရပ်တစ်ခုဆိုတာ ကျွန်တော် နားလည်းပါတယ်။ ဒါပေမယ့် သူတို့ရဲ့ စကားတွေထဲက သဲလွန်စတစ်ချို့ ကို ကျွန်တော် အမှတ်မထင် ရလိုက်ပါတယ်။ သူမဟာ ကောင်းစွာပြုစုစောင့်ရှောက်ခံရပြီး အခုဆိုရင် သူမရဲ့  အသက်မွေးဝမ်းကျောင်းမှုလမ်းကြောင်း ပေါ်မှာ ရပ်တည်နေတဲ့အကြောင်းပါ။

ဒီအချက်က ကလော်ဒီယာဟာ သီချင်းဆိုခြင်းနဲ့ အသက်မွေးဝမ်းကျောင်းမှု ပြုလုပ်သလားဆိုတာ ကျွန်တော့်ကို သိချင်စိတ်ဖြစ်ပေါ်စေခဲ့ ပါတယ်။ ကျွန်တော် တစ်နိုင်ငံလုံးမှာရှိတဲ့ အမျိုးသမီးအဆိုရှင်တွေရဲ့ ဖိုင်တွဲထဲက ပထမနာမည် ကလော်ဒီယာပါပြီး အသက် ၂၁နှစ်အရွယ်၊ ရွှေရောင်ဆံပင်နဲ့ အပြာရောင်မျက်လုံးပိုင်ရှင် အဆိုတော်ကို ရှာဖွေခဲ့တယ်။ အဲဒီအထဲက ကလော်ဒီယာသုံးယောက်ကို ရှာဖွေတွေ့ ရှိခဲ့ တယ်။ ပထမတစ်ယောက်က အက်တလန်တာဟိုတယ်မှာ သီချင်းဆိုပါတယ်။ ဒုတိယတစ်ယောက်ကတော့ ကော်လိုရာဒိုမှာရှိတဲ့ ခရီးသွား တီးဝိုင်းတစ်ခုမှာ သီဆိုနေပါတယ်။ ဒါပေမယ့် နှစ်ယောက်စလုံးဟာ ကျွန်တော် ရှာဖွေနေတဲ့ ကလော်ဒီယာ မဟုတ်ပါဘူး။

တတိယမြောက် ကလော်ဒီယာကိုတော့ လော့စ်အိန်ဂျလိစ်မြို့ ရဲ့ နိုက်ကလပ်ငယ်လေးတစ်ခုမှာ ရှာဖွေတွေ့ ရှိခဲ့ပါတယ်။ သူမရဲ့ နာမည် အပြည့်အစုံက ကလော်ဒီယာဘလဲယား ဖြစ်ပါတယ်။ ကျွန်တော် သူမဆီကို စာတိုလေးတစ်စောင်ရေးပြီး တွေ့ ခွင့်တောင်းခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ ကျွန်တော် ဖျော်ဖြေမှုပထမပိုင်းအချိန်မှာ ကလပ်ထဲကို ရောက်သွားခဲ့ပါတယ်။ စတိတ်စင်ပေါ်မှာ သူမနဲ့ ပရိသတ် အကြား ကန့်လန့်ကာပါးပါးလေးချထားပြီး ခြားထားပါတယ်။ ကန့်လန့်ကာနောက်ကွယ်က သူမဟာ ပိန်ပိန်ပါးပါး ချောမောလှပတဲ့ မိန်းမပျို လေးတစ်ယောက်ပါ။ သူမရဲ့ အသံဟာ ကြည်လင်ချိုမြပြီး စတိတ်ပေါ်က သူမရဲ့ ဟန်ပန်က အတော်လေး ကြည့်ကောင်းတာကို တွေ့ရပါ တယ်။ ပရိသတ်အားလုံးက သူမကို နှစ်ခြိုက်အားပေးကြသလို ကျွန်တော်လည်း သူမရဲ့ အသံကို သဘောကျမိပါတယ်။

သူမ သီဆိုမှု ပြီးဆုံးသွားတဲ့အခါမှာတော့ ကျွန်တော် အ၀တ်လဲခန်းထဲကို လိုက်သွားပါတယ်။ သူမဟာ ခုံပေါ်မှာထိုင်ပြီး ချည်ထိုးနေပါတယ်။ သူမက ကျွန်တော် ၀င်လာတာကို မော့မကြည့်ပါဘူး။ ကျွန်တော်က ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်လိုက်ပြီး ကျွန်တော်တို့ နှစ်ယောက် အပြန်အလှန် နှုတ်ဆက်လိုက်ပါတယ်။ သူမက ကျွန်တော့်ရဲ့ စာကို မန်နေဂျာက ဖတ်ပြတဲ့အကြောင်းနဲ့ သူမအမြင်ကွယ်နေတဲ့ အတွက် ကိုယ်တိုင်မဖတ်နိုင်တဲ့အကြောင်း ပြောပါတယ်။

ဒီကိစဟာ ကျွန်တော့်ကို တုန်လှုပ်ချောက်ချားစေပါတယ်။

ကျွန်တော် စိတ်မကောင်းပါဘူး။ ခင်ဗျား မျက်စိမမြင်ရတာ ကျွန်တော် မသိပါဘူး မစ်ဘလဲယား လို့ ကျွန်တော်လည်း ထစ်ထစ်အအနဲ့ ပြောလိုက်မိပါတယ်။

ဟုတ်ပါတယ်။ ကျွန်မ မျက်စိမမြင်ရတာ လူအတော်များများ မသိပါဘူး။ စတိတ်ပေါ်မှာ ကျွန်မကို လူတစ်ယောက်က လာမခေါ်မချင်း ကန့်လန့်ကာအမြဲ ချထားတာလေ။

ခင်ဗျား ဆေးကုသမှုကော ခံယူပြီးပြီလား။

ဟင့်အင်း။ ကျွန်မက မွေးရာပါ မျက်စိမမြင်ရတဲ့သူတစ်ယောက်ပါ။ အခု ရှင် ဘာကိစရှိလို့လဲ။

အဲဒီအချိန်မှာ ကျွန်တော် ကလော်ဒီယာအစစ်ကို ရှာတွေ့ပြီလို့ စိတ်ထဲမှာ အလိုလိုသိနေတယ်။ သူမကို ကျွန်တော့်ရဲ့  အမှုသည်အကြောင်း ပြောပြလိုက်ပါတယ်။ ကျွန်တော် ရှင်းပြတာကို နားထောင်နေစဉ်မှာ သူမရဲ့ မျက်နှာဟာ တဖြည်းဖြည်း ခက်ထန်မာကျောလာပါတယ်။

ဟုတ်တယ်။ အဲဒီကလေးက ကျွန်မပဲ။ ကျွန်မ အသက် ၈ နှစ်အရွယ်မှာ ကျွန်မအမေက ကျွန်မကို စွန့်ပစ်ခဲ့တယ်။ ဘာဖြစ်လို့လဲသိလား။ ကျွန်မ တဖြည်းဖြည်းမျက်စိကွယ်လာလို့ပဲ။

ကလော်ဒီယာဟာ သူမအမေကို ခါးခါးသီးသီး နာကျည်းနေပါတယ်။ သူမဟာ သူမအမေ ဘယ်မှာရှိနေတယ်။ ဘယ်လိုအခြေအနေရှိတယ် ဆိုတဲ့ သူမအမေနဲ့ပတ်သက်တဲ့ ဘယ်အရာကိုမှ သိချင်စိတ်မရှိပါဘူး။ သူမရဲ့ မွေးစားမိဘတွေကို အလွန်ချစ်မြတ်နိုးကြောင်း သူမရဲ့ ပြော စကားများအရ သိလိုက်ရပါတယ်။ လက်ရှိ သူမဟာ မွေးစားမိဘနှစ်ပါးနှင့်အတူ ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုမှာ အတူတကွနေထိုင် နေပါတယ်။ သူမမိခင်နဲ့တွေ့ဆုံဖို့ ကျွန်တော့်ရဲ့ တောင်းဆိုမှုကို သူမက ယတိပြတ်ငြင်းဆိုလိုက်ပါတယ်။

ကျွန်တော် ဂျွန်စကီးယားနှင့် ကစားပြောဖြစ်တဲ့အခါမှာ ကလော်ဒီယာရဲ့ အမြင်ကွယ်မှုအကြောင်းနဲ့ သူမရဲ့ နာကျည်းမှုတွေကို ပြောပြလိုက် တော့ သူဟာ အချိန်အတော်ကြာ တိတ်ဆိတ်သွားပါတယ်။ အဲဒီနောက်မှာတော့ သူက –

ကျွန်တော် တကယ့်ကို စိတ်မကောင်းပါဘူး။ ဒါပေမယ့် ကလော်ဒီယာရဲ့ စိတ်ပြောင်းလဲဖို့အတွက် ခင်ဗျား အစွမ်းကုန် ကြိုးစားပေးစေချင် တယ်ဗျာ။

ဒါဟာ မဖြစ်နိုင်တဲ့ကိစတစ်ခုပါ။ ကလော်ဒီယာကို မိဘမဲ့ဂေဟာပို့တဲ့အချိန် ကလေးမလေးမှာ အမြင်ကွယ်နေပြီဆိုတာ ခင်ဗျားဇနီး သိတယ် မဟုတ်လား။

(ဆက်လက်ဖော်ပြမည်)

ဘာသာပြန်သူး မိုးနေ

Ref; I’ll come back for you

From; Reader’s Digest


h1

ဘယ်သူ့ကို ရွေးချယ်မှာလဲ

October 23, 2008

ကျွန်မ အိမ်အပြင်ကို ထွက်လာတော့ မုတ်ဆိတ်ဖြူနဲ့ အဘိုးအိုသုံးဦး ကျွန်မခြရှေ့ မှာ ထိုင်နေတာကို တွေ့ လိုက်ရပါတယ်။ သေချာတာ တစ်ခုကတော့ ကျွန်မသူတို့သုံးဦးစလုံးကို မသိဘူးဆိုတာပါပဲ။ ဒါပေမယ့် အဘိုးအိုသုံးယောက်စလုံးဟာ ဆာလောင်မွတ်သိပ်ပြီး ပင်ပန်း နွမ်းနယ်တဲ့ပုံပေါက်နေတဲ့အတွက် ကျွန်မ သူတို့ကို အိမ်ထဲဖိတ်ခေါ်ပြီး တစ်ခုခုကျွေးမွေးဖို့ စီစဉ်လိုက်ပါတယ်။

သူငယ်မရဲ့  ခင်ပွန်းကော အိမ်မှာ ရှိရဲ့ လား လို့ အဘိုးအိုက ကျွန်မကို မေးပါတယ်။ ကျွန်မလည်း ကျွန်မခင်ပွန်းမှာ အိမ်မှာမရှိကြောင်းနှင့် အပြင်ထွက်သွားတဲ့အကြောင်း ပြောလိုက်တဲ့အခါမှာ အဘိုးအိုတစ်ယောက်က ဒါဆို အဘိုးတို့ အိမ်ထဲကို ၀င်လို့မရသေးဘူး လို့ ပြန်ဖြေပါ တယ်။ ကျွန်မလည်း ထူးဆန်းတယ်လို့ ခံစားရပြီး ခင်ပွန်းသည် ပြန်အလာကို စောင့်နေပါတယ်။

ညနေစောင်းလို့ ခင်ပွန်းဖြစ်သူ ပြန်လာတဲ့အခါ ကျွန်မလည်း အကျိုးအကြောင်းပြောပြလိုက်တော့ အမျိုးသားက သွားခေါ်လိုက်လေ။ ငါ ရောက်နေပြီဆိုတော့ သူတို့ လာမှာပါ လို့ ပြောတော့ ကျွန်မလည်း အိမ်အပြင်ကို ထွက်ပြီး အဘိုးတို့ကို သွားခေါ်ပါတယ်။ ဒါပေမယ့် အဘိုးအိုတစ်ဦးက အဘိုးတို့ သုံးဦးစလုံး သမီးတို့ရဲ့ အိမ်ထဲကို တစ်ပြိုင်တည်းဝင်လို့မရဘူး လို့ ပြောပါတယ်။ ကျွန်မလည်း သိချင်စိတ် ပြင်းစွာနဲ့ ဘာဖြစ်လို့လဲ လို့ ပြန်မေးတော့ အဘိုးအိုတစ်ယောက်က အေး . . . အဘိုး နာမည်က ချစ်ခြင်းမေတာတဲ့။ ဒီဘက်က အဘိုးက တော့ ကြွယ်ဝချမ်းသာခြင်းတဲ့။ ဟိုဘက်က အဘိုးကတော့ အောင်မြင်ခြင်းတဲ့။ သမီးခင်ပွန်းနဲ့ တိုင်ပင်လိုက်ပါဦး။ ဘယ်သူ့ကို ဖိတ်ခေါ်မလဲ ဆိုတာ လို့ ပြန်ပြောပါတယ်။

ကျွန်မလည်း အိမ်ထဲပြန်ဝင်လာပြီး အခြေအနေကိုပြောပြတော့ ကျွန်မခင်ပွန်းက –

ဟာ… ကောင်းလိုက်တာကွာ။ ဒါဆိုလည်း ကြွယ်ဝချမ်းသာခြင်းကိုပဲ ဖိတ်ခေါ်လိုက်လေ။ ဒါမှ ငါ့တို့အိမ် ချမ်းသာမှာကွ။

အို …. ရှင်ကလည်း အောင်မြင်ခြင်းကိုပဲ ဖိတ်ခေါ်ရအောင်လေ။

အဲဒီအချိန်မှာ အိမ်တစ်ဖက်ခြမ်းမှာရှိနေတဲ့ ကျွန်မရဲ့ ချွေးမဖြစ်သူက ကျွန်မတို့ စကားဝိုင်းထဲဝင်လာပြီး သူ့အကြံကိုပေးပါတယ်။

သမီးတို့ ချစ်ခြင်းမေတာကိုပဲ ဖိတ်ခေါ်ရင် ပိုကောင်းမယ်ထင်တယ်။ ဒါမှ သမီးတို့အိမ်မှာ မေတာတရားတွေနဲ့ ထုံမွှမ်းနေပြီး ပျော်ရွှင်ခြင်းတွေနဲ့ ပြည့်နှက်နေမှာလေ။

ကျွန်မခင်ပွန်းကလည်း အေး … ငါတို့ သူ့စကားကို အလေးထားရမှာပေါ့ကွာ။ ကဲ… ရှင်မရေ ချစ်ခြင်းမေတာဆိုတဲ့ အဘိုးအိုကိုပဲ အိမ်ထဲ ဖိတ်ခေါ်လိုက်ပါကွာ လို့ ပြောတော့ ကျွန်မလည်း အိမ်ရှေ့ ထွက်ပြီး –

အဘိုးတို့ထဲက ချစ်ခြင်းမေတာဆိုတာ ဘယ်သူပါလဲရှင်။ ကျွန်မတို့အိမ်ကို ကြွရောက်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

ချစ်ခြင်းမေတာဆိုတဲ့ အဘိုးအိုက ဖြည်းညင်းစွာထရပ်ပြီး အိမ်ဆီကို လျှောက်လာပါတယ်။ တခြားအဘိုးအိုနှစ်ဦးကလည်း ထရပ်ပြီး ကျွန်မ ဖိတ်ခေါ်လိုက်တဲ့ အဘိုးနောက်ကို တပါတည်းလိုက်လာပါတယ်။

ကျွန်မလည်း ကြွယ်ဝချမ်းသာခြင်းနဲ့ အောင်မြင်ခြင်းဆိုတဲ့ အဘိုးအိုနှစ်ယောက်ကို အံ့အားတသင့်နဲ့ မေးလိုက်မိပါတော့တယ်။

ကျွန်မက ချစ်ခြင်းမေတာကိုပဲ ဖိတ်ခေါ်တာပါ။ အဘိုးတို့နှစ်ယောက်က ဘာဖြစ်လို့ လိုက်လာရတာလဲ။

အဲဒီအခါမှာ အဘိုးအိုသုံးယောက်က တပြိုင်တည်းအဖြေပေးပါတယ်။

တကယ်လို့ သင်ဟာ ကြွယ်ဝချမ်းသာခြင်း ဒါမှမဟုတ် အောင်မြင်ခြင်းကို ရွေးချယ်ခဲ့မယ်ဆိုရင် ကျန်တဲ့နှစ်ယောက်က အိမ်ပြင်မှာပဲ ချန်နေရစ်ခဲ့ရမှာပါ။ ဒါပေမယ့် သင်ဟာ ချစ်ခြင်းမေတာကို ရွေးချယ်လိုက်တဲ့အတွက် သူဘယ်သွားသွား အဘိုးတို့နှစ်ယောက်က သူ့ နောက်ကို လိုက်ရမှာပါ။ ဒါကြောင့် ချစ်ခြင်းမေတာရှိတဲ့နေရာမှာ အောင်မြင်ခြင်းနဲ့ ချမ်းသာကြွယ်ဝခြင်းဆိုတာ အမြဲဒွန်တွဲရှိနေမှာပါ။

မေတာတရားဟာ အရာရာကို အောင်နိုင်စွမ်းရှိပါတယ်။ မေတာတရားမရှိရင် ပျော်ရွှင်ခြင်းဆိုတာလည်း မရှိနိုင်ပါဘူး။ လူသားတိုင်းဟာ အောင်မြင်ဖို့၊ ချမ်းသာဖို့နောက်တွေကို တကောက်ကောက်လိုက်ရင်း မေတာတရားဆိတ်သုဉ်းလာပြီး သည်းညည်းခံနိုင်စွမ်းတွေ လျော့ နည်းလာပါတယ်။ သည်းခံနိုင်စွမ်းအားလျော့နည်းလာတော့ အသေးအဖွဲကိစလေးတွေကိုတောင် ခွင့်လွှတ်နိုင်စွမ်းမရှိဘဲ ဒေါသတကြီး တုန့်ပြန်မိတော့ပါတယ်။ ဒေါသအမှောင်ဖုံးနေတော့ အမှန်ကိုမမြင်နိုင်ဘဲ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်မိပါတယ်။ ဒါကြောင့် လက်ဝယ်ပိုင်ဆိုင်ထားတဲ့ အောင်မြင်ခြင်းတွေ၊ ကြွယ်ဝခြင်းတွေဟာ မကြာခင်မှာပဲ ကွယ်ပျောက်သွားရပါတော့တယ်။

မိမိရဲ့ အိမ်မှာ မေတာတရားရှိမရှိဆိုတာ မိမိတို့အပေါ်မှာပဲ မူတည်နေပါတယ်။ မေတာတရားကို ရွေးချယ်မိမှာသာ ပျော်ရွှင်ခြင်း၊ အောင်မြင် ခြင်းနဲ့ ချမ်းသာကြွယ်ဝခြင်းတွေကို တပြိုင်တည်းခံစားရနိုင်မှာပါ။

Ref; Invitation

ဘာသာပြန်သူ – မိုးနေ

h1

ဘ၀ဆိုတာ ပဲ့တင်သံပါ ………

October 17, 2008

တစ်ခါတုန်းက သားအဖနှစ်ယောက်ဟာ တောင်တန်းလေးတစ်ခုပေါ်မှာ လမ်းလျှောက်နေကြပါတယ်။ ရုတ်တရက် သားဖြစ်သူဟာ ခြေချော်ပြီး ပြုတ်ကျသွားပါတယ်။ သူဟာ နာကျင်လွန်းလို့ အား ခနဲအော်လိုက်မိပါတယ်။ အဲဒီအော်သံဟာ တောင်တွေကို ပဲ့တင်ရိုက်ပြီး ပြန်ထွက်လာပါတယ်။ သူဟာ သူ့ရဲ့ အော်သံကို ပြန်ကြားရတဲ့အခါမှာ အလွန်အံ့အားသင့်သွားပြီး မင်း …….ဘယ်သူလဲ လို့ စိတ်ဝင်တစားနဲ့ အော်မေးလိုက်ပါတယ်။ အဲဒီမေးခွန်းဟာလည်း သူ့ဆီကို ပြန်ရောက်လာပါတယ်။ သူဟာ အလွန်စိတ်လှုပ်ရှားသွားပြီး ကျွန်တော် ……. ခင်ဗျားကို အရမ်းလေးစားအားကျတယ် လို့ အော်ပြောလိုက်တဲ့အခါမှာလည်း တူညီတဲ့တုံ့ပြန်သံကို ကြားလိုက်ရပါတယ်။ ဒီတစ်ခါ သူက သူရဲဘောကြောင်တဲ့သူ၊ သတိမရှိတဲ့သူလို့ ဒေါသတကြီး အော်ဟစ်လိုက်ပါတယ်။ ဒီတစ်ခါလည်း ထပ်တူညီတဲ့အော်သံတစ်ခုဟာ သူ့ဆီကို ချက်ချင်းပြန်ရောက်လာပါတယ်။

သူဟာ နားမလည်နိုင်စွာနဲ့ ဖခင်ဖြစ်သူကို လှမ်းကြည့်ပြီး အဖေ ……. ဘာဖြစ်တာလဲမသိဘူး လို့ လှမ်းမေးလိုက်ပါတယ်။ သူ့ဖခင်က သူ့ကို ပြုံးပြီး ငါ့သား သေချာနားထောင်နော် လို့ ပြောပြီး မင်းဟာ သူရဲကောင်းတစ်ယောက် ပါလို့ အော်လိုက်တယ်။ အဲဒီအခါမှာလည်း သူ့ဖခင်ရဲ့ အော်သံလို အသံကို ထပ်မံကြားလိုက်ရတဲ့အခါမှာတော့ ကောင်လေးဟာ ပိုမိုအံ့အားသင့်သွားပါတယ်။ ဒါပေမယ့် သူဟာ ဘာဆိုဘာမှ နားမလည်နိုင်အောင် ဖြစ်နေပါတယ်။ သူ့ဖခင်က ကောင်လေးကို သား ……. ဒါကို လူတွေက ပဲ့တင်သံလို့ ပြောကြတယ်။ အမှန်တော့ ဒါဟာ ဘ၀ပါ။ သား ………မင်းပြောလိုက်တဲ့အရာတိုင်း၊ မင်း ပြုလုပ်လိုက်တဲ့အရာတိုင်းဟာ မင်းဆီကို ပြန်ရောက်လာမှာ။ လူတွေရဲ့  ဘ၀ဟာ သူတို့ပြုလုပ်ခဲ့တဲ့အရာတွေရဲ့  ရောင်ပြန်ဟပ်မှုပါပဲ။ ငါ့သား ….. တကယ်လို့ မင်းဟာ ဒီကမာကြီးဆီကနေ အချစ်တွေကို ပိုရချင်ရင် မင်းရဲ့ နှလုံးသားထဲမှာ သူတစ်ပါးကို ချစ်တတ်တဲ့စိတ်ကို အရင်ဆုံးမွေးမြူထားရမယ်။ မင်းရဲ့ အသင်းကို အနိုင်ရစေချင်ရင် မင်းကိုယ်တိုင် နိုင်စိတ်ကို မွေးမြူထားရမယ်။ ဒါတွေဟာ ဘ၀ရဲ့ ဘယ်အစိတ်အပိုင်း၊ ဘယ်ရှုထောင့်နဲ့မဆို သက်ဆိုင်နေတယ်။ မင်းပေးခဲ့တဲ့အရာတိုင်းကို ဘ၀က မင်းကို ပြန်ပေးမှာလေ လို့ နားလည်အောင် ရှင်းပြလိုက်ပါတယ်။

ဘ၀ဆိုတာ အမှတ်တမဲ့ဖြစ်ပျက်နေတဲ့အရာတွေ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်ရဲ့ ရောင်ပြန်ဟပ်မှုပါပဲ။

Ref; Mountain Story

h1

ကျောက်တုံးနှင့် သဲ

October 17, 2008

တစ်ခါတုန်းက သူငယ်ချင်းနှစ်ယောက်ဟာ သဲကနာရကို ဖြတ်သန်းပြီး ခရီးတစ်ခု ထွက်ခဲ့ကြတယ်။ ခရီးအတော်အတန်သွားပြီး တဲ့နောက် လမ်းတစ်နေရာမှာ သူတို့နှစ်ယောက် စကားများကြတယ်။ အဲဒီအခါမှာ ပထမတစ်ယောက်က သူ့သူငယ်ချင်းရဲ့ ပါးကို လှမ်းရိုက်လိုက်ပါတယ်။ အရိုက်ခံလိုက်ရတဲ့သူငယ်ချင်းဟာ နာကျင်သွားပေမယ့် ဘာမှပြန်မပြောဘဲ သဲပြင်ပေါ်မှာ ဒီနေ့ ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းက ငါ့ပါးကို ရိုက်တယ် လို့ ရေးလိုက်တယ်။

ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ ခရီးဆက်လက်ထွက်ခွာခဲ့ကြတယ်။ လမ်းတစ်နေရာမှာ ရေအိုင်လေးတစ်ခုတွေ့ တော့ သူတို့ဟာ အဲဒီနေရာမှာ ခရီးတစ်ထောက်နားဖို့ ဆုံးဖြတ်လိုက်ကြပြီး ရေဆင်းချိုးပါတယ်။ ရေကူးလို့ သိပ်မကြာခင်မှာပဲ အရိုက်ခံရတဲ့ တစ်ယောက်ဟာ ရေနစ်မလို ဖြစ်သွားတော့ သူ့သူငယ်ချင်းက သူ့ကို အလျင်အမြန် ဆယ်ယူပြီး အသက်ကယ်လိုက်တယ်လေ။ ရေနစ် တဲ့တစ်ယောက်ဟာ အနည်းငယ်နေသာထိုင်သာ ရှိလာတဲ့အခါမှာတော့ ကျောက်တုံးတစ်တုံးပေါ်မှာ ဒီနေ့ ငါ့အချစ်ဆုံးသူငယ်ချင်းက ငါ့ရဲ့  အသက်ကို ကယ်တင်လိုက်တယ် လို့ ရေးလိုက်တယ်။

ဒီအခါမှာ သူ့ကို ပါးရိုက်ခဲ့သူ၊ သူ့အသက်ကို ကယ်တင်ခဲ့တဲ့ သူ့သူငယ်ချင်းက ငါ မင်းကို ပါးရိုက်လိုက်တော့ မင်းက သဲပေါ်မှာ ရေးခဲ့တယ်နော်။ အခု မင်းကို အသက်ကယ်လိုက်တော့ မင်းက ကျောက်တုံးပေါ်မှာ ရေးတယ်။ ဘာကြောင့်လဲ လို့ သူ့သူငယ်ချင်းကို မေးခွန်းထုတ်လိုက်တယ်လေ။

အဲဒီအခါ အရိုက်ခံခဲ့ရတဲ့သူငယ်ချင်းက သူ့ကို တစ်ယောက်ယောက်က ငါတို့ကို နာကျင်အောင်လုပ်ရင် အဲဒီနာကျင်မှုတွေကို သဲပေါ်မှာပဲ ငါတို့ ရေးသင့်တယ်။ အချိန်အတန်ကြာလာတဲ့အခါ လေမုန်တိုင်းတိုက်ခတ်လာရင် သဲပေါ်မှာရေးထားတဲ့အရာ ထင်ကျန်ရစ်တော့မှာ မဟုတ်ဘူးလေ။ လေနဲ့အတူ လွင့်ပါသွားပြီး ဒီနာကျင်မှုတွေကို မေ့ပျောက်သွားမှာပါ။ တကယ်လို့ တစ်စုံတစ်ယောက်က ငါတို့ကို ကောင်းကျိုးပြုခဲ့တယ်ဆိုရင် အဲဒီကျေးဇူးကို ကျောက်တုံးတစ်တုံးပေါ်မှာ ထွင်းထုထားသင့်တယ်။ ကျောက်တုံးပေါ်မှာ ထွင်းထုတားတော့ အချိန်ကာလဘယ်လောက်ပဲ ကြာညောင်းနေပါစေ၊ ဘယ်လိုမုန်တိုင်းမျိုးကပဲ တိုက်ခတ်လာပါစေ ဒီအမှတ်အသားတွေကို ဖျောက်ဖျက်ပစ်နိုင်စွမ်းမရှိဘူးလေ။ ဒီလိုဆိုရင် သူတစ်ပါးရဲ့ ကျေးဇူးတရားတွေကို ငါတို့ဘ၀တစ်လျှောက်လုံးမှာ အမြဲအမှတ်ရ နေမှာလေ လို့ အေးအေးဆေးဆေးပဲ ပြန်ဖြေလိုက်ပါတယ်။

ဒီလိုပါပဲ ကျွန်ုပ်တို့ရဲ့  နေ့စဉ်ဘ၀တွေမှာ ကျွန်ုပ်တို့ကို နာကျင်စေခဲ့သူတွေ၊ ကျေးဇူးပြုခဲ့သူတွေ အများအပြားရှိနေပါတယ်။ ဒါကြောင့် နာကျင်မှုတွေကို သဲပေါ်မှာရေးနိုင်အောင် ကြိုးစားပြီး မေ့ဖျောက်ပစ်နိုင်အောင် လေ့ကျင့်ရမှာပါ။ ကိုယ့်အပေါ် ပြုဖူးတဲ့ သူတစ်ထူးရဲ့  ကျေးဇူးကိုလည်း ဘယ်တော့မှ ဖျောက်ဖျက်မပစ်နိုင်တဲ့ ကျောက်တုံးတွေပေါ်မှာ ထွင်းထုပြီးတော့ အမြဲအမှတ်ရနေအောင် ပြုလုပ်ရမှာပါ။

Ref; Sand & Stone

h1

ဇနီးလေးယောက်

October 16, 2008

တစ်ခါတုန်းက ဇနီးလေးယောက်ရှိတဲ့ အလွန်ချမ်းသာတဲ့ ကုန်သည်ကြီးတစ်ယောက်ရှိတယ်။ သူဟာ သူ့ရဲ့  နံပါတ် ၄ ဇနီးသည်ကို အလွန်ချစ်မြတ်နိုးပြီး သူ၏အချစ်ဆုံး ဇနီးတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် သူမကို မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားတယ်လေ။ သူမ အတွက် အကောင်းဆုံးအ၀တ်အစားတွေ ဆင်ယင်ပေးပြီး အလိုလိုက်အကြိုက်ဆောင်ခဲ့တယ်။ သူမကို အရမ်းဂရုစိုက်ပြီး သူမအတွက် အကောင်းဆုံး တွေ ပေးခဲ့ပေမယ့် သူမကိုတော့ ဘာတာဝန်မှ မထမ်းဆောင်စေခဲ့ပါဘူး။

အဲဒီကုန်သည်ကြီးဟာ သူ့ရဲ့ နံပါတ် ၃ဇနီးသည်ကိုလည်း ချစ်မြတ်နိုးပါတယ်။ သူမအတွက် အမြဲတမ်းဂုဏ်ယူဝံှ့ကြွားနေပြီး သူ ဘယ်ပွဲတက် တက် ဒီနံပါတ် ၃ဇနီးသည်ကို ခေါ်သွားလေ့ရှိပြီး သူ့မိတ်ဆွေတွေကို သူမနဲ့ပတ်သက်ပြီး အမြဲတမ်း ကြွားဝါနေခဲ့တယ်လေ။ သူဟာ သူမ သူ့ဆီကနေ ထွက်သွားပြီး အခြားတပါးသောယောက်ျားနောက်ကို လိုက်သွားမှာကို အမြဲတမ်းစိုးရိမ်ပူပန်သောကရောက်နေခဲ့ ရတယ်။

ဒါ့အပြင် သူဟာ သူ့ရဲ့ နံပါတ် ၂ဇနီးသည်ကိုလည်း ချစ်ခင်ပါတယ်။ သူမဟာ သူ့အပေါ် အလွန်အလိုက်သိပြီး စိတ်ရှည်သည်းခံနိုင်စွမ်းရှိပါ တယ်။ အမှန်တကယ်တော့ သူမဟာ သူ့အတွက် ဆိုးတိုင်ပင်ကောင်းတိုင်ပင်ဖော်တစ်ယောက်ဖြစ်ပြီး သူ ယုံအကြည်ရဆုံးလူတစ်ယောက် ဖြစ်ပါတယ်။ ကုန်သည်ကြီးဟာ သူ အခက်အခဲပြသနာတွေနဲ့ ရင်ဆိုင်ရတိုင်း သူမဆီက အကြံဥာဏ်အမြဲတမ်း တောင်းခံလေ့ရှိတယ်။ သူမ ကလည်း သူ့ရဲ့ အခက်အခဲမှန်သမျှ ကျော်လွှားနိုင်မယ့်နည်းလမ်းတွေနဲ့ သူ့ကို ကူညီခဲ့တယ်လေ။ သူနဲ့အတူ လောကဓံကို အတူလက်တွဲ ရင်ဆိုင်ခဲ့တယ်။

ကုန်သည်ကြီးရဲ့ နံပါတ် ၁ဇနီးသည်ကတော့ သူ့အတွက် သစာရှိတဲ့ အဖော်မွန်ကောင်းတစ်ယောက်ပါ။ သူရှာဖွေထားတဲ့ စည်းစိမ်ဥစာတွေ ကို စီးတဲ့ရေ ဆည်တဲ့ကန်သင်းလို စနစ်တကျထိန်းသိမ်းစောင့်ရှောက်ပြီး အိမ်မှုကိစတွေကိုလည်း မလစ်ဟင်းရအောင် ဆောင်ရွက်ပေးပါ တယ်။ သူမက ဘယ်လောက်ပဲ ကုန်သည်ကြီးအပေါ် လေးစားချစ်ခင်ပေမယ့် ကုန်သည်ကြီးကတော့ သူမကို လုံးဝမချစ်ပါဘူး။ သူဟာ သူမကို ဂရုတောင် မပြုမိသလို နေထိုင်ပါတယ်။

တစ်နေ့မှာတော့ ကုန်သည်ကြီးဟာ နာမကျန်းဖြစ်ပြီး အိပ်ရာထဲကို လဲပါတော့တယ်။ သိပ်မကြာခင်မှာပဲ သူ သေဆုံးရတော့မယ်ဆိုတာ သူ့ ကိုယ်သူ သိနေတဲ့အတွက် သူ့ရဲ့ စည်းစိမ်ဥစာတွေနဲ့ ကြွယ်ဝချမ်းသာမှုတွေကို စဉ်းစားပြီး တစ်ကိုယ်တည်း ပြောနေတယ်။ အခု ငါ့မှာ ဇနီး လေးယောက်ရှိတယ်။ တကယ်လို့ ငါသေသွားရင် တစ်ယောက်တည်း အထီးကျန်နေရမှာပါ။ တစ်ယောက်တည်း ဘယ်လိုနေရမှာလဲ လို့ ပြောနေတယ်။ ဒါကြောင့် သူဟာ သူ့ရဲ့ နံပါတ် ၄ဇနီးသည်ကိုခေါ်ပြီးငါ မင်းကို ဘယ်လောက်ချစ်မြတ်နိုးပြီး တန်ဖိုးထားတယ်ဆိုတာ မင်း သိပါတယ်နော်။ အခု ငါ သေရတော့မယ်။ ငါ သေရင် မင်းငါနဲ့အတူတူ လိုက်နိုင်မလားလို့ မေးလိုက်တဲ့အခါမှာ သူ့ရဲ့ နံပါတ် ၄ဇနီးသည်က ဒီလိုလုပ်စရာအကြောင်းမရှိဘူးလို့ ပြောပြီး သူ့ကို ကျောခိုင်းစွန့်ခွာသွားတယ်။ သူမရဲ့ အဖြေစကားဟာ သူ့ရင်ကို ဓားထက်ထက်နဲ့ ထိုးလိုက်သလို ခံစားလိုက်ရပါတယ်။

သူဟာ ၀မ်းနည်းကြေကွဲစွာနဲ့ နံပါတ် ၃ဇနီးသည်ကို ငါဟာ မင်းကို ငါ့ဘ၀တစ်လျှောက်လုံး ချစ်ခဲ့တယ်နော်။ အခု ငါသေရတော့မယ်။ ငါ သေရင် ငါနဲ့အတူ လိုက်နိုင်မလားလို့ မေးလိုက်တော့ သူမက ဟင့်အင်း ……။ ဘ၀က ပျော်စရာကောင်းပါတယ်။ ရှင် သေဆုံးသွားရင် ကျွန်မ နောက်အိမ်ထောင်ထပ်ပြုဦးမှာလို့ ပြောလိုက်တယ်။ သူမရဲ့ စကားတွေဟာ သူ့နှလုံးသားကို အေးစက်နာကျင်စေခဲ့တယ်။ အဲဒီနောက်သူဟာ နံပါတ်၂ဇနီးသည်ကို ငါဟာ အခက်အခဲတွေ့ တိုင်း မင်းဆီက အကူအညီတွေကို ယူခဲ့ရတယ်။ မင်းက ငါ့အခက်အခဲ တွေကို အမြဲတမ်းဖြေရှင်းပေးနိုင်ခဲ့တယ်။ ဒီတစ်ခါကော။ အခု ငါသေရတော့မယ်။ မင်း ငါ့ကို ကူညီနိုင်ဦးမှာလားလို့ မေးလိုက်တဲ့အခါမှာ သူမက ကျွန်မ စိတ်မကောင်းပါဘူး။ ဒီတစ်ခါတော့ ရှင့်အခက်အခဲကို ကျွန်မ မကူညီနိုင်တော့ပါဘူး။ ရှင် သေဆုံးသွားခဲ့ရင် ရှင့်အတွက် အကောင်းဆုံးပြင်ဆင်ပေးမှာပါ လို့ ပြောလိုက်တယ်။ သူမရဲ့ အဖြေစကားဟာ မိုးကြိုးသွားတစ်လက်လို့ ထွက်ပေါ်လာချိန်မှာတော့ ကုန်သည်ကြီးရဲ့  မျှော်လင့်ချက်တွေဟာ အလုံးစုံပျက်စီးသွားရပါတော့တယ်။

အဲဒီအချိန်မှာပဲ သူ ဂရုမစိုက်ဘဲ ပစ်ထားခဲ့တဲ့ သူ့ရဲ့ နံပါတ် ၁ဇနီးသည်က ကျွန်မ ရှင်နဲ့အတူတူလိုက်ပါ့မယ်။ ရှင် ဘယ်နေရာကိုပဲ သွားသွားပေါ့လို့ ပြောလိုက်တယ်။ ကုန်သည်ကြီးဟာ သူ့ရဲ့ နံပါတ် ၁ဇနီးသည်ကို မော့ကြည့်လိုက်ပါတယ်။ သူမဟာ အစာရေစာပြတ်လပ် ပြီး ပိန်ချုံးနေသလို အရိုးပေါ်အရေတင်နဲ့ ဖြစ်နေတယ်လေ။ ကြီးစွာသောပူဆွေးသောကတွေနဲ့အတူ ကုန်သည်ကြီးက ငါ မင်းကို အရင်တုန်းက ဂရုစိုက်ခဲ့သင့်တယ်နော်လို့ ၀မ်းနည်းကြေကွဲစွာနဲ့ ပြောလိုက်တယ်။

အမှန်တကယ်တော့ ကျွန်ုပ်တို့အားလုံးရဲ့ ဘ၀တွေဆီမှာ ဇနီးလေးယောက် ရှိနေပါတယ်။

နံပါတ် ၄ဇနီးကတော့ ကျွန်ုပ်တို့တွေရင် ရင်းနှစ်သည်းချာ သားသမီးရတနာတွေပါ။ ကျွန်ုပ်တို့ဟာ သူတို့အပေါ် ဘယ်လောက်ပဲကြင်နာ ယုယပြီး ပြုစုပျိုးထောင်ပေးနေပါစေ ကျွန်ုပ်တို့ သေဆုံးသွားချိန်မှာတော့ ကျွန်ုပ်တို့ကို ပစ်ထားခဲ့မှာပဲလေ။

နံပါတ် ၃ဇနီးသည်ကတော့ ကျွန်ုပ်တို့ ပိုင်ဆိုင်တဲ့ ပစည်းဥစာရတနာတွေပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ အသက်ရှင်နေစဉ် သူတစ်ပါးခိုးယူမှာ အမြဲတမ်းပူပင်သောကရောက်နေရတယ်။ သေဆုံးသွားတဲ့အခါမှာတော့ ဒီဥစာရတနာတွေဟာ သူတစ်ပါးလက်ထဲကို သက်ဆင်းရမှာပဲလေ။

နံပါတ် ၂ဇနီးကတော့ ကျွန်ုပ်တို့ရဲ့  ဆွေမျိုးမိသားစုများနဲ့ မိတ်ဆွေများပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ အသက်ရှင်စဉ်မှာ သူတို့တွေနဲ့ ဘယ်လောက်ပဲ ရင်းနှီးကျွမ်းဝင်ခဲ့ပါစေ ကျွန်ုပ်တို့သေဆုံးသွားတဲ့အခါမှာတော့ ကျွန်ုပ်တို့ရဲ့ အုတ်ဂူနဲ့ သချိုင်းမြေဆီကို လာရုံကလွဲပြီး သူတို့ ဘာမှမလုပ်ပေးနိုင်ပါဘူး။

အမှန်တကယ်တော့ နံပါတ် ၁ဇနီးဟာ ကျွန်ုပ်တို့ကိုယ်တိုင်ရဲ့  နှလုံးသားစိတ်ဝိညာဉ်ပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ ဘယ်လောက်ပဲ လျစ်လျူရှုပြီး ဥပေကာပြုထားပါစေ ကျွန်ုပ်တို့အပေါ် အမြဲသစာရှိပြီး ထပ်ကြပ်မကွာလိုက်နိုင်တာကတော့ ကျွန်ုပ်တို့ရဲ့ စိတ်ဝိညာဉ်ပဲဖြစ်ပါတယ်။

Ref: The 4 Wives

h1

ကျွန်တော်တို့အပေါ်မှာပဲ မူတည်ပါတယ်

October 10, 2008

သီချင်းတစ်ပုဒ်ဟာ ခဏအတွင်းမှာပဲ စိတ်ကို ကြည်လင်လန်းဆန်းစေတယ်။

ပန်းလေးတစ်ပွင့်ဟာ အိပ်မက်ကို လှုပ်နိုးနိုင်စွမ်းရှိတယ်။

သစ်ပင်တစ်ပင်ဟာ သစ်တောတစ်ခုကို စတင်မွေးဖွားစေနိုင်တယ်။

ငှက်ကလေးတစ်ကောင်ဟာ နွေဦးရာသီရဲ့ အငွေ့အသက်ကို ဖော်ကျူးနိုင်စွမ်းရှိတယ်။

အပြုံးလေးတစ်ချက်ဟာ ရင်းနှီးနွေးထွေးမှုကို ဖြစ်ပေါ်စေတယ်။

ကြယ်ပွင့်လေးတစ်ပွင့်ဟာ ပင်လယ်ပြင်မှာ သဘောင်္တွေကို လမ်းကြောင်းပြပေးနိုင်တယ်။

စစ်မှန်တဲ့စကားလုံးတစ်လုံးဟာ ရည်မှန်းချက်ပန်းတိုင်ကို သတ်မှတ်ပေးနိုင်စွမ်းရှိတယ်။

မဲဆနတစ်ခုဟာ နိုင်ငံတစ်နိုင်ငံကို ပြောင်းလဲစေနိုင်တယ်။

နေခြည်တစ်ဖြာဟာ အခန်းတစ်ခုကို အလင်းရောင်ပေးနိုင်စွမ်းရှိတယ်။

ဖယောင်းတိုင်မီးတစ်ခုဟာ အမှောင်ကို ဖယ်ရှားနိုင်စွမ်းရှိတယ်။

ရယ်မောသံတစ်ခုဟာ မျှော်လင့်ချက်ကင်းမဲ့နေတဲ့ ၀မ်းနည်းခြင်းတစ်စုံတစ်ရာကို အနိုင်ယူနိုင်စွမ်းရှိတယ်။

ယုံကြည်ချက်အပြည့်နဲ့ ခြေတစ်လှမ်းဟာ ခရီးစဉ်တစ်ခုကို စတင်နိုင်စွမ်းရှိတယ်။

မျှော်လင့်ချက်တစ်ခုဟာ ကျွန်ုပ်တို့ ရဲ့  စိတ်ဝိညာဉ်တွေကို မြှင့်တင်နိုင်စွမ်းရှိတယ်။

နှလုံးသားတစ်စုံဟာ အမှန်တရားကို ဝေဖန်ဆုံးဖြတ်နိုင်စွမ်းရှိတယ်။

ဘ၀တစ်ခုဟာ အခြေအနေအမျိုးမျိုးကို လုပ်နိုင်စွမ်းရှိတယ်။

ဒါတွေအားလုံးဟာ သင့်အပေါ်မှာပဲ မူတည်နေပါတယ်။

Ref; one . . . can